Thursday, January 29, 2015

Lawkanat Gallery လောကနတ်ပန်းချီပြခန်း

Lawkanat Gallery
လောကနတ်ပန်းချီပြခန်း
AROUND YANGON......today
ရန်ကုန်တခွင်လှည့်လည်စဉ်.....
ပန်းဆိုးတန်းလမ်းနှင့်မဟာဗန္ဓုလလမ်း
ထောင့်တွင်တည်ရှိသည်။သက်တန်းရင့်
ပန်းချီပြခန်းဖြစ်ပြီးနေ့စဉ်ဖွင့်သည့်အပြင်
ပန်းချီပြပွဲများလည်းမကြာမကြာကျင်းပလေ့ရှိသည်။ပြခန်းတည်ရှိရာအဆောက်အ
ဦးမှာလည်းရှေးဟောင်းအဆောက်အဦး
ဖြစ်သည်။သိရှိသူများပြည့်စုံအောင်ဖြည်ုစွက်ပါရန်

အဲဒီတိုက်ကြီးလည်း ခေတ်အခေါ်နဲ့ဆို လောကနတ် တိုက်ကြီး ဖြစ်သွား
လောက်ပြီထင်ပါတယ်။

ကျွန်တော်အနေနဲ့ ဒီတိုက်ကြီးကို RANDERIA BUILDING အနေနဲ့စသိ
ခဲ့ပါတယ်။ အင်တာနက်ခေတ်ရောက်တော့ SOFAER BUILDING ဆိုပြီး
ဖေ့ဘွတ်ပေါ်မှာ တွေ့လာရတယ်။ အင်တာနက်တန်ခိုးကြောင့်၊ သမိုင်း အသေး
စိတ်သိရှိလာကြရာက အဲဒီလိုနာမည်တွေ တွေ့ရှိလာကြပါတယ်။

ဒါပေမဲ့၊ အခုခေတ် ရန်ကုန်သားများအဘို့နိုင်ငံခြားအခေါ်တွေအစား၊
Hla Myaing ပြောသလို လောကနတ်ပန်းချီပြခန်းက အဲဒီမှာ နေရာယူထား
တာတော့ အတော်ကိုကြာလာပြီမို့ ၊ လောကနတ် တိုက်လို့ဘဲတွင်နေပြီလား
မသိ။

၁၉၅၀ နှောင်းပိုင်းတွေမှာ အဲဒီ လောကနတ်ပန်းချီပြခန်းနေရာမှာ ရှေ့နေတွေ
ရုါံ်ထိုင်တာ တွေ့ခဲ့ရပါတယ်။ နောက်မှ လောကနတ်ပန်းချီပြခန်း ဆိုပြီးဖြစ်လာ
တာတွေ့ခဲ့ရပါတယ်။ နှစ်တော့ မသိတော့ပါ။

အဲဒီအချိန်တုံးက ဒီတိုက်ဝင်ပေါက်ရဲ့ညာဘက်အခန်း(အခု စက်မှုဝန်ကြီးဌာန
အရောင်းဆိုင်) နေရာမှာ ရှမ်းထရေးဒင်း တစ်ခုဖွင့်ခဲ့တာတွေ့မိပါတယ်
အီစူဇူး ကားတွေသွင်းပုံရပါတယ်။ ၂ တန်း ၊ သုံးတန်းအရွယ်ဆိုတော့
သိပ်သတိမထားမိခဲ့ပါ

အဲဒီတိုက်အဝင်ဝ အပေါ်မှာရှီတဲ့ လောကနတ်ဆိုင်းဘုတ်ကိုခွာကြည့်လိုက်
မယ်ဆိုရင် အောက်ပုံအတိုင်း RANDERIA BUILDING ဆိုပြီး တွေ့နိုင်
ပါတယ်။

ကြုံတုံး ငယ်စဉ်က အားပေးခဲ့တဲ့ ပါတားနီတို့၊ ဖရုံစေ့လှော်တို့၊ မြေပဲတို့၊
ဂျာနယ်ဂျို တို့ စတဲ့ သရေစာရောင်းတဲ့ ဘန်းရယ်၊ ဘန်းကိုတင်ထားတဲ့
ဒေါက်ရယ် ပုံညာဘက်မှာကြည့်လိုက်ကြပါအုံး။
(Credit to LIFE Magazine.)
Unlike · 9 hrs

No comments:

Post a Comment