Saturday, January 24, 2015

စာအုပ်ဟောင်းဈေးခင်း

AROUND YANGON.......today
စာအုပ်ဟောင်းဈေးခင်း
ကုန်သည်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်၊စာပေဗိမာန်ကြားစာအုပ်ဟောင်းတန်း
ဈေးနုံးမျိုးစုံဖြစ်သည်။ရန်ကုန်မြို့တွင်ဤကဲ့သို့စာအုပ်ဟောင်းတန်းများ၊၃၇လမ်း၊ပန်းဆိုးတန်းလမ်း၊မဟာဗန္ဓုလမ်းနှင့်
ဗိုလ်ချုပ်လမ်းတွင်လည်းရှိသည်။ဆရာ
ကြီးဇေယျကလမ်းဘေးတက္ကသိုလ်များဟုတင်စားခေါ်ဝေါ်ခဲ့သည့်လမ်းဘေးစာ အုပ်ဈေးတန်းရန်ကုန်မြို့တွင်ဆက်လက်ရှင်သန်နေသည်မှာဝမ်းမြောက်ဘွယ်ပင်။
အချို့စာအုပ်များပြန်လည်ထုပ်ဝေခွင့်မရ
သည့်ကါလကစာချစ်သူတို့၏အားထားရာဆိုင်များပင်ဖြစ်သည်။စာအုပ်ဟောင်း
ရောင်းသူများမှာစာချစ်သူကဗျာဆရာ၊စာပေဝေဖန်ရေးဆရာ၊နိုင်ငံရေးသမားများ
ရှိခဲ့သည်။စာအုပ်ဟောင်းများကိုဆိုင်ခန်း
ဖြင့်အကျအနရောင်းခြင်းလည်းရှိသည်။
ယခင်ကဆရာဦးအောင်သင်းမိတ်ဆွေ
ဖိုးသင်းနိုင်စာပေရှိခဲ့သည်။ူ
  • Harry Hpone Thant တစ်ခါတစ်ခါမထင်ပဲစာအုပ်ကောင်းတွေရှိတတ်တယ်။
  • Win Thura Nyunt ပေါ ချောင် ကောင်း တွေ အများကြီး ရှာနိုင်ရင် ရတယ် ၊၊
  • William Than တစ်ခါကတော့ ၊ အဲဒီမှာ ၃ ထောင်တောင်းတယ် ။
    စာအုပ်အသစ်ဆိုင်မှာ ၂ ထောင်နဲ့ ရတာ လည်းရှိသေးတယ်။

No comments:

Post a Comment